
SAHS For SA Alumni ❤️❤️❤️ ( All teachers and Students @SA)
မင်္ဂလာပါ လက်ရှိမှာ ကျောင်းအတွက် Funding က လုံလောက်နေတာ မဟုတ်ပေမယ့် ကျန်းမာမှ အရာအားလုံးလုပ်နိုင်မှာဖြစ်တဲ့အတွက် SA alumni ဖြစ်ယုံနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေရယူနိုင်ဖို့နဲ့ service တွေ improve ဖြစ်အောင် အတွက် လစဉ် လုပ်ဆောင်သွားပေးပါ့မယ်။
အားနာစွာနဲ့ လက်ရှိ လောလောဆယ်မှာတော့ SA ရဲ့ ကျောင်းတွေမှာမှာ အနည်းဆုံး စာသင်ချိန် နှစ်ချိန်ဝင်သင်ပေးဖူးပြီးတဲ့ ဆရာ/ဆရာမများအတွက်သာ အကြုံးဝင်ပါဦးမယ်။ ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဆိုတဲ့အတိုင်း ဆရာ၊ဆရာမတွေ ကိုဗစ်ဖြစ်ခဲ့ပါက Covid Positive Test result ပြပြီး အစားအသောက်အကူအညီ / အသေးစားအိမ်သုံး ဆေးဝါးအကူညီများ/ (သို့)ငွေကြေးအကူအညီများ အား funding ပေါ်မူတည်ပြီး မိနစ်ပိုင်းအတွင်း ချက်ချင်းလွှဲ၍ တတ်နိုင်သလောက် ကူညီပေးပါမည်။
fundingပေါ်မူတည်ပြီး ခွဲဝေရမှာဖြစ်လို့ ထောက်ပံ့ငွေကြေး ပမာဏနည်းခဲ့မယ်ဆိုရင်လည်း ကြိုတင်တောင်းပန်အပ်ပါသည်။ အကူအညီလိုသော ဆရာ/မများ အနေနှင့် gmail ပို့၍ ဖြစ်စေ ဖုန်းခေါ်၍ဖြစ်စေ Viber private chat မှဖြစ်စေ လာရောက်တောင်းဆိုနိုင်ပါသည်။
ကျောင်းသား၊သူများ နှင့် မိဘများ၊ ဆရာ/မများ၏ မိဘများအတွက်ပါ နောင်များမကြာမီကာလများတွင် ကိုဗစ်ရောဂါအတွက်သာမဟုတ်ပဲ အခြားကျန်းမာရေးကိစ္စရပ်များစွာ အတွက်ပါကူညီနိုင်ရန် ကြိုးပမ်းသွားပါဦးမည်။
Sattan Astoni Health Services
sahs #sa #alumni #teachers #sattan #astoni
Copyright © University of Sattan Astoni , 2025. All Rights Reserved.