
to get latest information about our education programs.
• • •
SAFS GCE O Level
General Certificate of Education Ordinary Level
How to enroll in SAFS O Level Program
SAFS O Level အတန်းအတွက် ကျောင်းတက်မည့်သူများ၊ကျောင်းအပ်လိုသူများအားလုံး (၁)နာမည် ၊ (၂) Viber ရသောဖုန်းနံပါတ်၊ (၃) gmail (၄) O- Level တက်ရောက်ချင်ပါသည် ဟု အချက်လေးချက်အား ပြည့်စုံစွာ ရေးသားပြီး SA – Federal School of Secondary Education ၏ Facebook Page Messenger (cb) သို့မဟုတ် safs.edu@gmail.com သို့ ပေးပို့ထားနိုင်ပါသည်။ လျှောက်ထားသူများသည် အနည်းဆုံး ၈တန်း အောင်မြင်ပြီးသူ ဖြစ်ရပါမည်။ တစ်ဦးတစ်ယောက်ချင်းစီအားဖုန်းဖြင့် အသေးစိတ်ကို အကြောင်းကြားပေးသွားမည်ဖြစ်ပါသည်။ အမှန်တကယ် တတ်ရောက်နိုင်မှသာ လျှောက်ထားပေးပါရန်။ လက်ရှိ အချိန်စာရင်း နှင့် ဘာသာ ရပ်များ အကြောင်းကို အောက်တွင် ဖော်ပြထားပါသည်။ တစ်နှစ်လျှင် Term (၄) ခု ရှိမည် ဖြစ်ပြီး October လ Term (2) အတွက် ကြိုအပ်ထားနိုင်ပါပြီ။ Course နှင့် ပတ်သတ်ပြီး အသေးစိတ်ကို Facebook Page တွင်ဖတ်ပါရန်
• • •

ကျောင်းစရိတ်အနေနှင့် တစ်ဘာသာသုံးထောင်နှုန်းဖြင့် ဆယ်ဘာသာအတွက် မြန်မာငွေ (၃) သောင်းကျပ် ကျသင့်ပါမည်။ ငွေကြေးမတတ်နိုင်လည်း တတ်နိုင်သ၍ ၅၀၀၀ စသည်ဖြင့်သွင်း၍ တက်နိုင်ပါသည်။ အကယ်၍ လုံးဝမတတ်နိုင်ပါက ကျောင်းစရိတ်မပေးသွင်းပဲ တက်ရောက်နိုင်ပါသည်။
• • •
Term (1) ခုလျှင် ၂ လခွဲ ဝန်းကျင်ဖြင့် တစ်နှစ် သင်ယူပြီးပါက Final Exam အားဝင်ရောက်ဖြေဆိုရမည်ဖြင်ပြီး စာမေးပွဲကြေး တစ်ဘာသာလျှင် ၅၀၀၀ ကျပ် ပေးသွင်း၍ ဖြေဆိုရပါမည်။ စာမေးပွဲကြေးအတွက် Term (1) ခုချင်းစီ၏ Grading နှင့် ကျောင်းသား/သူများ၏ ကျောင်းတွင်းပါဝင်လှုပ်ရှားမှုများပေါ်မူတည်ပြီး ကင်းလွှတ်ခွင့်များကို ကျောင်းစည်းကမ်းနှင့်အညီ ဆရာ/မ များနှင့်တိုင်ပင်၍ Exam fees ကင်းလွှတ်ခွင့်များအားလည်း ပေးအပ်သွားဦးမည် ဖြစ်ပါသည်။ ကျောင်းတက်ချင်စိတ်ရှိပြီး အချိန်ပေးဖို့သာ လိုပါသည်။
• • •
(၂၀၂၁-၂၀၂၂) စာသင်နှစ်အတွက် လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပွါးနေသော အခြေအနေများအရ Online Learning ဖြင့်သာ သင်ယူနိုင်ပါမည်။ အပြောင်းအလဲရှိပါက ကြိုတင်၍ အကြောင်းကြားပါမည်။
• • •

သင်၏အထက်တန်းပညာရေးပြီးဆုံးဖို့ SA မှ တာဝန်ယူပါသည်။
• • •
Once a student at SA, SA alumni Forever !
July , Term 1 2021 , SASF O Level အတန်းမှာ တက်ရောက်ခွင့်ရတဲ့ ကျောင်းသား၊ကျောင်းသူများ အားလုံးကို ဂုဏ်ယူပါတယ်။ Congratulations !!!



• • •
Contact : safs.edu@gmail.com


To join classes, Term – 1 Students & Teachers, please login here.
Copyright © University of Sattan Astoni , 2025. All Rights Reserved.