

SA – Need-based Scholarships
Total Award Numbers – (20)
SAIBS မှ ပထမဦးဆုံးဖွင့်လှစ်မယ့် SA Diploma in Financial and Management Accounting (DFMA) Class နဲ့ SA Diploma in Business Studies (DBS) Class တို့အတွက် စတင် ကျောင်းအပ်လက်ခံပြီ ဖြစ်ပါသည်။ Diploma Class တစ်ခုချင်းစီတိုင်းသည် အချိန် (၆) လ ကြာမြင့်မည်ဖြစ်ပါသည်။ တစ်လလျှင် တစ်သောင်းရှစ်ထောင်ကျပ်သာ ကျသင့်ပါမည်။ သို့သော်လည်း Need-based scholarship အနေဖြင့် အမှန်တကယ်တက်ရောက်ချင်စိတ်ရှိပြီး ငွေရေးကြေးရေး အခက်အခဲရှိသူ အယောက် (၂၀) ကို ပေးအပ်သွားပါ့မယ်။
ကျောင်းတက်ချင်သူများနှင့် scholarship အတွက် လျှောက်ချင်သူများPage cb မှ တစ်ဆင့်အောက်ပါအတိုင်းလျှောက်ရပါမည်။
၁။ နာမည် (အင်္ဂလိပ်လိုစာလုံးပေါင်းပေးပါရန်)
၂။ ဖုန်းနံပါတ်
၃။ တက်ရောက်မည့်အတန်း (DFMA / DBS/ Both)
၄။ ငွေကြေးအထောက်အပံ့ – [ကိုယ်တိုင် (သို့) SA Scholarship ]
SA scholarship ဖြင့်တက်ရောက်မည်ဆိုပါက နံပါတ် (၇) ထိဆက်ဖြေပေးပါ။
၅။ ရယူလိုသော ပမာဏ – ၅၀% (သို့) ၁၀၀%
၆။ ဘယ်လိုငွေကြေးအခက်အခဲများကြောင့် scholarship ကိုရလိုပါသလဲ။
(စာလုံးရေ ၂၀၀ အတွင်း လို/တို/ရှင်း ရေးသားပေးပါရန်)
၇။ အကယ်၍ လျှောက်ထားသော scholarship မရပါက ရွေးချယ်ထားသောအတန်း
အားတက်ရောက်ပါမည်လား။
ကျောင်းအပ်လိုသူများ နံပါတ် (၁) မှ (၄) ထိ page cb မှတစ်ဆင့် ပေးပို့ရမည် ဖြစ်ပြီး
scholarship လျှောက်လိုသူများ – နံပါတ် (၁) မှ (၇) ထိ ပြည့်စုံစွာဖြည့်ပြီး ပေးပို့ရပါမည်။ ကောမန့်တွင် နမူနာ ဖြေပြထားပါသည်။
မိမိအပြင် အခြားတက်ရောက် ရောက်လိုသူများ သိရှိနိုင်စေရန် post ကိုရှဲပေးကြဖို့ မေတ္တာရပ်ခံပါသည်။ ဝင်ခွင့်သတ်မှတ်ချက်ကို ကောမန့်က ပုံမှာကြည့်ပါ။